အလွမ်းသင့်သူမို့
ကျွမ်းနစ်ပူနွေချည်းပါပဲ။
ဖြေဆည်းသမျှ ရင်စေရာ
ဝေဒနာကလွှမ်းအုပ်စီး
မြင်...မြင်ရာမှန်သမျှ
လွမ်းရုပ်ချည်းထင့်......။
ကမ်းလင့်ကူပါလို့
အလွမ်းသင့်သူ အဖော်မညှိလိုဘူး။
မျှော်လင့်သည့်သူ
ပူ...ပူသရွေ့ကိုလည်း
လူတွေ့မှစကားဆိုမယ်
ရင်ညှိုးလျအလွမ်းကိုတကယ်
ဖြေမယ်ပါ့ ချစ်ထွေး.....။
အလွမ်းနဲ့လူရယ်မို့
လမ်းသင့်သူ လူကြုံမေးလို့ရယ်
ဘယ်ပုံချင်း,ဘယ်ချမ်းသာ
မောင်ချစ်သူမာပါစ၊
ရင်တမမအရေးဆိုတယ်
မကြင်ရသမျှအဆွေးကိုကွယ်
မြင်လှည့်ပါ့လေး......။
ကျွမ်းနစ်ပူနွေချည်းပါပဲ။
ဖြေဆည်းသမျှ ရင်စေရာ
ဝေဒနာကလွှမ်းအုပ်စီး
မြင်...မြင်ရာမှန်သမျှ
လွမ်းရုပ်ချည်းထင့်......။
ကမ်းလင့်ကူပါလို့
အလွမ်းသင့်သူ အဖော်မညှိလိုဘူး။
မျှော်လင့်သည့်သူ
ပူ...ပူသရွေ့ကိုလည်း
လူတွေ့မှစကားဆိုမယ်
ရင်ညှိုးလျအလွမ်းကိုတကယ်
ဖြေမယ်ပါ့ ချစ်ထွေး.....။
အလွမ်းနဲ့လူရယ်မို့
လမ်းသင့်သူ လူကြုံမေးလို့ရယ်
ဘယ်ပုံချင်း,ဘယ်ချမ်းသာ
မောင်ချစ်သူမာပါစ၊
ရင်တမမအရေးဆိုတယ်
မကြင်ရသမျှအဆွေးကိုကွယ်
မြင်လှည့်ပါ့လေး......။
No comments:
Post a Comment