သစ္စာပြုပါသည်
ရာသီတွေဘယ်လိုပြောင်း
ကာလတို့အိုဟောင်းစေ
ရွက်ဟောင်းကြွေ နွေလည်း
နွေထဲအလျှောက်.....၊
မိုးမျက်ရည်ပုလဲ စွေလည်း
စွေသည့်အလျှောက်....၊
ငွေနှင်းရည်ဖွဲ ဝေလည်း
ဝေသည့်အလျှောက်....၊
ဘယ်ရောက်ရောက်ပေါ့
သူ့တစ်ယောက်သာ တမ်းတပါသည်
ကမ္ဘာတည်သရွေ့ မမေ့တဲ့အကြောင်း...။
No comments:
Post a Comment