နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, December 5, 2012

ထိန်းသိမ်းကြစို့ ဒို့အမွေ

ရှု့မဆုံးတော့သည်
ရှေ့တုန်းဆီ ဟိုအတိတ်က
ရောင်ဖိတ်တောက်ပြည်မြန်မာ
စေတီသာ ကျောင်းကန်များ
တည်ထားခဲ့ ကိုးကွယ်ရာ
မြတ်သာသနာ
ရောင်ဝါဖြာ တင့်ဆန်း။

ခုနေခါ အမွေနှစ်
နွံနစ်ဖို့ ဟန်ရေးပြင်
ဘာသာပင် မလေးစား
ကိုးကွယ်ရာ အဖသားကို
ကွယ်...စော်ကားလို့ သူတို့ဆို
ပစ်မှားလို၍မဟုတ်ပါ ဘုရားတဲ့။
ဘီလူးခေါင်နဲ့မင်းသားတွေ
ဤရေမြေ ဓွန့်ရှည်သမျှ
ရင်လေးပါ့ ကိုးကွယ်ရာ
မြန်မကြာ ပျောက်ချည်ကိန်း
စောင့်ကာထိန်းစို့ ဒို့အမွေ
ကွယ်တို့ရေ....
စောင့်ရှောက်စို့လေး....။

မြန်မာနိုင်ငံမှာ နေထိုင်ကြီးပြင်းကြတဲ့ ဗုဒ္ဓဘာသာလူပုဂ္ဂိုလ်အားလုံး မိမိတို့ယာဉ်ကျေးမှု့ကို ထိမ်းသိန်းကြပါလို့။

No comments:

Post a Comment