နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, December 5, 2012

"လ"သို့တမ်းခြင်း

ဘယ်ရင်ခွင်မှာနားပြီလည်း

ငါ့ညထဲမင်းမရှိခဲ့

ဖော်မဲ့တဲ့တာယာ

တိမ်ညိုစေရာမျောလွင့်

မှိန်ဖျဖျတောင်လင်းခွင့်မရှိခဲ့ဘူး။

မင်းသိမလား စန္ဒာ

တာယာဆိုတာ အဖြည့်ခံ

မင်းပြန်တော့ သူလွမ်း

မင်းလာမည့်လမ်းကို သူမျှော်

မင်းပျော်မှ ရွှင်လန်း

မင်းမရှိတဲ့ညချမ်းတွေဆိုပေါ့

သူ့ခမျာ.......

မင်းကိုရှာရင်း မှိတ်တုတ်လင်း

ဒီလိုနဲ့.....မိုးလင်းခဲ့ပေါင်းမနည်းဘူး။

မင်းမြင်ရဲ့လား စန္ဒာ

ငါ့ကမ္ဘာ ညများစွာအနက်

မင်းရှိတဲ့ရက်ဆိုငြိမ်းချမ်း

သတ္တလောကကြီးလည်း ရွှင်လန်းလို့လေ ။

ပြန်လာပါ စန္ဒာ

ငါ့ကမ္ဘာ ညများစွာထဲ

မင်းကိုအမြဲထွေးပွေ့

တိမ်ညိုလွင့်တဲ့နေ့ချည်းဖြစ်ချင်

တာယာကိုလည်းပျော်ရွှင်စေချင်တယ်။

ပြီးတော့......

မင်းကိုလည်းမြင်စေချင်တယ်လေ

သတ္တလောကကြီး

မင်းကြောင့် ဘယ်လောက်လှပသွားတယ်

    ဆိုတာကိုပေါ့......။

No comments:

Post a Comment