နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, December 9, 2012

ရင်တွင်းဆန္ဒ

မျှော်လင့်အမျှ

ဖြစ်ခွင့်မရသည့်

ချစ်ကြွေးဒုက္ခ

နောင်-မတွေ့ပါရစေနဲ့  ဘုရား ။

သည်ဘ၀သည်ခန္ဒာ

ဖန်လာသည့် သည်ဝဋကြွေး

သည်မျှနှင့်အေးပါစေ။

သောကပွေ

ကြမ္မာစေအလွမ်းဇာတ်

တစ်ဖက်သက်ဆန်

တစ်ယောက်တည်းကျန်ကြေကွဲ

မျက်တို့လည်းစဲပါစေ။

ဆွေးမြေ့ကျေ

နှလုံးသားနွေကန္တာခဲ

သည်မှာပဲအဆုံးသတ်စေ။

အမုန်းမဖတ်ပေ

ပြုံးလျှက်လေဘာသာခံစား

မဆုံနိုင်တဲ့လမ်းကြား

တစ်ယောက်တည်းသွားပါရစေ။

ဝေးရပ်မှာနေ

သူ-ပျော်စေ သူကျေနပ်ဖို့

ပူ....ပူပါစေသည်တစ်သက်

ဝဋ်ကြွေးတုန့်လှည့်မဖြစ်စေချင်

ချစ်နေစဉ် ဟိုယခင်ကလို

သူ-ထာဝစဉ်ရွှင်ပြ

(ကိုယ့်လို)

      ဘယ်တော့မှလည်း မလွမ်းစေချင် ။    

No comments:

Post a Comment