နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, December 5, 2012

အလွမ်းစေရာ



 လွမ်းဆဲပါ ချစ်သူ
`အဖြစ်သဲသူ`ဟု
ဘ၀င်မတွေ့ မာန်မဝေ့နှင့်
တကယ်မနေတက်
တဖျက်ဖျက်လူး
ဘုရားစူးရဲ့....။

တမ်းတပူဆွေး
ချစ်သူဝေးရက်
တစ်စက္ကန့်ပင်
နေချင်ပျော်မွေ့
မောင်...မတွေ့ဘူး ။

မေ့ဘူးသက်လှယ်
ချစ်ကြိုးသွယ်ခဲ့
ဟို...တိတ်ရက်ကို
တမ်းရော်တ,မှန်း
နေ့တိုင်းလွမ်းရဲ့ ။

မတွေ့လည်း ချစ်သူ
ဝေ့၀ဲသီကျ အလွမ်းစနှင့်
တမ်းတတိုင်းထင်
တွေးတိုင်မြင်သည့်
ဟန်မူနွဲ့နှောင်း
ပုံရိပ်ဟောင်းနဲ့
တိတ်ကြောင်းကမ္ဘာ
မွေးမြေရွာ၌
နေပျော်ကြည်မွေ့
နှစ်ကိုယ်နေ့ကို
     ဘယ်လိုမေ့မလည်း  တမ်းတဆဲပါ ။

No comments:

Post a Comment