နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, December 6, 2012

သမုဒယအသိုက်ထဲက လူ

တမ်းတမပြေသေးလို့ပါ  ဘုရား
လွမ်းစဖွေ သည်နွေခရီးမှာ
သောကတွေ ရင်ဖိစီးလို့
ပါရမီမရင့်ကြီးတဲ့ တပည့်တော်
အရှင်ဘုရားလိုလည်း
နော်မာသောင်တစ်ဖက်သို့ မလှမ်းနိုင်ပါ ။
နွမ်းယိုင်ရာ ဘ၀မောတွေကြား
အလွမ်းကိုင်ကာ
တပည့်တော်,သွားပါရစေလား ?
သမုဒနွေကြားမှာ သူနဲ့ဆုံ
ယ္ခုဘ၀စေစားရာ ၀ဋ်ကြွေးမကုန်သမျှပေါ့
ဘုံဓလေ့လို့လည်း တပည့်တော်မငြီးပါ ။
ကြုံတွေ့မည့်ဘေးကိုသာ ခါးစည်းခံတွေ့
သူနဲ့ပြန်မဆုံသရွေ့ပေါ့  ဘုရား
 (တပည့်တော်လေ.....)
 လွမ်းနေဖို့ပဲမမေ့အောင်နေမိတယ်။                                             

No comments:

Post a Comment