နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, December 7, 2012

အလွမ်းပူ

တမာပွင့်တွေက

လေအသင့်မှာ လွင့်လွင့်ကြွေ ။

မှာတမ်းငယ်ခြွေ

ငယ်ကျွမ်း`မေ`မာပါစ၊

သတိတရ တမ်းတမပြေ

စာလွှာစေခါခါပါး

ဝေးမြေရပ်ခြား....။

 နေမင်းရယ်စွေ

ပူပြင်းသလေသည်နွေခါများ

နေစရာရှား ချွေးကြားမြဲနေ

သည်ကိုယ်မလေ သေ...သေလုမျောပါး

ပူရက်နိုင်အား.......။

 ရင်တွင်းမှာခွေ

အလွမ်းတွေ နွေသို့လား

နှလုံးသားကြွမ်းမြေ့ကျေ

သောပွေ ရက်ဆက်ပွားတယ်

(...ငယ်ကျွမ်းရေ....)

             ဖြေပြေနိုင်အား...။           

No comments:

Post a Comment