နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, December 6, 2012

အမေ့ခက်သူ

ရုတ်တရက်ပါပဲ

နှုတ်မဆက် သူခွဲခွါလို့

ရင်ထဲမှာနာ ၊

မကြင်သာ

ဖြေဆည်ရာကံငယ်ဝေး

ဘယ်အငြိုးတေးလည်းကွယ် ။

သံယောဇဉ်တွယ်

နွယ်တစ်ပင်နှယ်ဖြတ်နိုင်ရက်ပေါ့

မသက်ဆိုင်တော့သည့် သူစိမ်းနှယ်

ခင်....ခင်တိမ်းဖယ် မေ့နိုင်ရက်သော်လည်း

ရင်....ရင်မငြိမ်းနိုင် အသဲလောင်မြိုက်သူမို့

ခိုက်အောင်ပေါ့ ရင်မချိ

အပူမိဝေဒနာ၊

ယောင်တိယောင်ချာ ဗျာပါဆွေး

ဘယ်လိုပင်ဝေးစေဦး

တစ်သက်မမုန်းရက်နိုင်

(ခင်ရယ်.....)

သက်ဆုံးတိုင်ပေါ့  အမေ့ခက်သည် ။     

No comments:

Post a Comment