နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, December 7, 2012

အိုဘယ့်ငှက်ငယ်

ပျံလေတဲ့ပျံလေ
မုန်တိုင်းလေမရိုက်ခက်
တောနက်ကိုတဲ့ကျော်နိုင်းစေ။
မာယာလေအရိုက်အခက်
တောနက်နက်လှည့်ကွက်ကြား
ရင့်ကျက်ခြင်းတရားနဲ့ကျော်လွှားလေ။
အမှားတွေအမှန်မဖြစ်
ပျံသင့်တဲ့အချိန်...ချင့်ချိန်
စံသင့်တဲ့အိမ်တော်နန်း
စံမြန်းလို့ပျော်ပါစေ။
မတားသာပေ
အမှားတွေအမှန်ဖြစ်မည့်ရေး
တွေးပူလို့နေ။
ဘေးလူမိုမပြောသာပေ
ပျံပါလေလိုရာခရီး။
စေတနာတွေရင်ဖိစီးလို့
သတိကြီးဖို့မှာပါရစေ
လေးညှို့တွေဘောင်ဘင်ခက်
ရှောင်ခွင်လျှက်သွားပါလေ။
ဝမ်းစာရှာအဆန်ခရီး
သတိကြီးကြီးထားပါလေ။
အရိုးပေါ်အရွက်ဖုံး
မျက်လုံးဒေါက်ထောက် ကြည့်တက်စေ။
အပြီးသက်လေ
သတိချပ်စေ မှာချင်သေး
ငှက်ကလေးရေ.......
မင်းပျံလို့အတောင်ညောင်း
ခင်တွယ်ရာအသိုက်ဟောင်းကိုလ
(.....ကွယ်....)
    မင်းပြန်ပါ့လေး.....။

No comments:

Post a Comment