နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, December 6, 2012

နှောင်းတမြေ့မြေ့

မေ့မရ

တွေ့ခဲ့ရ အချိန်တိုင်း

ရင်မှာလှိုင်းထ

တသသဖြစ်

တနစ်နစ်မျော

တသောသောနှင်

တသွင်သွင်စီး

အလွမ်းချည်းထင်

တမ်းတစဉ်မပျက်

ဘယ်သည့်တွက်လည်း

နေ့ဆက်ရက်ပြောင်း

ကာလနှောင်းစေ

မဟောင်းပေဘူး

လွမ်းမေ့မူး၏ ။

ငယ်ကကြည်မွေ့

ငယ်ချစ်`မေ့`ကို

မြင်ယောင်မှန်းဆ

ရူးလောက်အောင်ပဲ  တမ်းတသည် ။  

No comments:

Post a Comment