နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, December 7, 2012

အလွမ်းမဲ့ည

လမိုက်ညတွေလာတော့မယ်
လမင်းကိုပဲ လွမ်းရမလား
မီးအိမ်ကိုပဲ ထမ်းရမလား....?။

သေချာတာတစ်ခုက
မှောင်သောလမ်းမှာ ငါလျှောက်နေခဲ့မိပြီ
ငါ့ဘေးမှာတော့.....
ငွေတာယာကြယ်စင်တို့ဝန်းရံခလို့....။

အင်း....
လွမ်းဆွတ်ခြင်းသာမရှိခဲ့ရင်
ကမ္ဘာမြေရဲ့ညတွေ ထာဝရလှနေမလား....?
ငါစဉ်းစားတယ်.......။

အို....မြတ်စွာဘုရား အရှင်
ပြောင်းလဲနိုင်စွမ်းသောတန်ခိုးအသွင်
တပည့်တော်အား
ကရုဏာထားပေးသနားစေချင်ပါ၏။
ထိုတန်ခိုးဖြင့်အလွမ်းများစွာ
ကမ္ဘာမှာနေမရအောင်
တပည့်တော်...ပြိုပါရစေသား....။



ဝန်ခံချက်.....။ ဤကဗျာ၏ပထမပိုဒ်သည်ဆရာတာယာမင်းဝေ၏  ကဗျာလေးဖြစ်ပါသည်။ ကျနော်ထပ်မှန်ဖြည့်စွတ်၍
သုံးထားခြင်းဖြစ်ပါသည် ခင်မျာ....။

No comments:

Post a Comment