ရင်သို့တိုးခက်လေသော ရွက်ကြွေစများ
အချိန်တစ်ခုကို သက်မှတ်ဖို့
အနားခက်သွားတဲ့ လေ
ဆောင်းရွတ်တွေကို ခြွေလို့....။
နှင်းခနေတဲ့ လမ်းထဲ
လက်တွဲဖော်မဲ့ ကမ်းလက်တွေ
ဘယ်သူများထွေးပွေ့လေမလည်း...?။
စိတ်ကူးထဲမှာ မ၀ံ့မရဲ
နောက်သို့ အသာပဲ ငဲ့ကြည့်မိ
ပီဘိလဲလျောင်းနေတဲ့ ရွက်ကြွေတွေ
ဆွေးဆွေးမြေ့မြေ့ငိုနေရဲ့...။
ကူကယ်လှည့်ပါ
သူတို့တွေကိုးစား
နေမင်းက တိုက်စားလို့
ခြောက်သွေ့ဘ၀ အနားသတ်
အမှိုက်အဖြစ် အဆုံးမသက်ခင်
တံမြတ်စည်း၏ ရင်ထဲ
"ကြင်နာခြင်း"မြဲဖို့
(...ကျနော်...)
ဆုတောင်းလို့ နေမိတယ်လေ....။
ရည်ညွှန်း...။
ဆောင်းဦးမနက်ရွတ်ကြွေ တစ်ချို့ဖြင့် ကျေးလတ်မှ ဘ၀ဖြစ်စဉ်တစ်ချို့ကိုခိုင်းနှိုင်း ရေးဖွဲ့ပါသည်။ အမှိုက်တစ်စလို ပျောက်ကွယ်ခဲ့ကြရသော ကျေးလတ်လူတန်းစား
တစ်ရပ် ဒီနေ့ခေတ်ထိ ရှိနေကြသေးတယ် ဆိုတာကိုလည်း မြင်သာစေချင်ပါ၏။
ပြီးတော့ လေနှယ်,တံမြတ်စည်းနှယ် လူတန်းစားတစ်ရပ် ကိုယ်ကျိုးတွက် ယပ်နေကြသည်ကိုလည်း မချင့်မရဲ ဖြစ်လွန်းလို့ပါ.....။ ထိုသို့သော လေနှယ်,တံမြတ်စည်းနှယ် လူတန်းစားများ" လောကမှ" ဝေးရာ သွားပါစေ" ဟုလည်း ရည်းညွှန်းပါသည်...။
No comments:
Post a Comment