နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, December 6, 2012

သို့.....ကြွေ

ကြွေ....
ကြယ်တွေကြွေ
နေကွယ်ညတိုင်း
ထိုင်းမှိုင်းငေးမော
သောကတောမှာ
ဖော်မဲ့တစ်ကိုယ်တည်း
လွမ်းနေဆဲပါ.....။

ကြွေ.....
ရွက်ဝါကြွေ
နွေလည်ညတိုင်း
ရင်ပူလှိုင်းထ၊ဗျာပါရနှင့်
တမ်းတဆွေးမော
ရွက်ခြေက်တောမှာ
ဖော်မဲ့တစ်ကုယ်တည်း
လွမ်းနေဆဲပါ....။

ကြွေ.....
မိုးဖွဲစွေ၊၀သန်ညချမ်း
ဂယောင်ဂတမ်း၊ယောင်ယမ်းထအော်
ခေါင်ပေါ်ပြေးသွား၊မိုးစက်များသံ
ကြားပြန်နားဆက်၊လွမ်းတက်ခဲ့ပြန်
မိုးသက်လေသရမ်း၊သန်းခေါင်လမ်းထဲ
သစ်တန်းပင်ပျို၊တွဲခိုတောက်တောက်
လမ်းဆင်းလျှောက်သည့်မိုးပေါက်ရေစက်
မြတ်ခင်းစပ်ကြား၊မျက်ရည်လားပေါ့
တွေးတောစဉ်းစား၊မိုးရေကြားမှာ
ဖော်မဲ့တစ်ကိုယ်တည်း
လွမ်းနေဆဲပါ.....။

ကြွေ.....
နှင်းစက်ခြွေ၊ဟေမာန်ညချမ်း
ရင်သိမ့်ချမ်းတုန်၊ပြန်ဆုံဖို့မှန်း
အိမ်ပြင်လမ်းဘက်၊မှန်းမျှော်တမ်းတ
လွမ်းသမျှကို၊တီးတိုးဆိုမည်
နှစ်ကိုယ်ကြားရုံ၊၊လွမ်းပုံဘယ်သို့
ဆွေးရဘယ်လို၊မောင်မပိုဘူး
ယုံလင့်ဦး...ဟု၊ပြောဖို့ကြံရင်း
သန်းခေါင်ချဉ်းခဲ့၊မိုးလင်းတဲ့ည
စိတ်ကူးထဲမျော၊နှင်းလည်တောမှာ
ဖော်မဲ့တစ်ကိုယ်တည်း
လွမ်းတေဆဲပါ....။

သြော်...ကြွေ
ကြယ်တွေကြွေ
နေကွယ်ညတိုင်း
ထိုင်းမှိုင်းငေးမော
သောကတောမှာ
ဖော်မဲ့တစ်ကိုယ်တည်း
လွမ်းနေဆဲပါ.....။

No comments:

Post a Comment