နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, December 5, 2012

ကျေစေအေးစေ

ဝေးခဲ့သည်လည်း
ကြာပြီပဲလေ
သံယောဇဉ်ကြွင်း
ရင်တွင်းငုတ်မြစ်
ရှင်းထုပ်ပြစ်ချင် ။

မတွေးခဲ့သည်လည်း
ကြာပြီပဲလေ
နှလုံးအိမ်တွင်း
မီးအိမ်ထွန်းလည်း
မရှာလို...။

မတွေ့ခဲ့သည်လည်း
ကြာပြီပဲလေ
လမ်းတွေ့ရဲရဲ
မခေါ်ပဲရှောင်
ဟန်မဆောင်ချင် ။

မေ့ခဲ့သည်လည်း
ကြာပြီပဲလေ
မာနနှင့်ငြင်း
မုန်းမာန်တင်းလည်း
မနေလို...။

သူ့ဘ၀နဲ့သူ၊ကိုယ်လည်းကိုယ့်ဘဝ
နေပျော်ကြရုံ၊လျှောက်လှမ်းရုံပေါ့
ဆုံတွေ့ခဏ၊တဒင်္ဂသည်
ဖျောက်ဖျက်မရ၊ထင်ကျန်ကလည်း
သူ့ဘ၀ကိုယ့်ဘ၀၊မထိရှပဲ
ဘာသာထင်ကျန်၊သက်မဲ့နံရံတစ်ခု
ဖြစ်ပါစေသား ဖြစ်စေသား ....။

No comments:

Post a Comment