နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, December 6, 2012

နှောင်ကြိုးလေး(၂ )

ပိုးဖလံလိုမျိုးတော့ ဟုတ်ဘူး
မသိမိုက်မှားတဲ့အတွေးဆိုး
ရင်ထဲ...၀င်မတိုးခဲ့တာတော့အမှန်၊
သံယောဇဉ်နံရံကိုထွင်းဖောက်
ငြင်းရက်စရာမရှိလောက်သည့် နှောင်ကြိုး
ရင်ကိုဒဲ့တိုး ၀င်အတိုက်
ကျနော်လေ......
မူးမိုက်မေ့လဲသွားခဲ့ရတယ် ။

ဘယ်လိုခေါ်မလည်း.....
အရောင်မမွဲပေမယ့်
ဟန်ဆောင်ခြင်းနည်းတာတော့အမှန်၊
ရင်နံရံမှာပေါ့
ညစ်နွမ်းစေတဲ့အရောင်အဆင်း
အစွန်းထင်း,မပေကျံခဲ့ဘူး ။

သံယောဇဉ်နွယ်နဲ့မှေးယှက်
ရင်ကိုလှုပ်ခက်စေတဲ့ကြိုးလေး
မွန်းကျပ်ပူလောင်မှုကိုလည်း မပေးဘူးလေ၊
သေချာပါတယ်......
ဗလာသက်သက်မေတ္တာ
အဖြူရောင်သစ္စာနဲ့နှောင်ဖွဲ့
အဲဒါ......
   ဆက်ထုံးမဲ့ကြိုးဆိုတာပေါ့.....။


No comments:

Post a Comment