နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, December 5, 2012

အိပ်ရေးပျက်တဲ့ ည

မိုးမင်းက

ရှိုက်ကြီးတငင်ရွာအချ

အိပ်မောကျနေတဲ့ချောင်းလေး

ကမ်းလုံးပြည့်ဖွေဖွေးလှုပ်

မှိတ်တုတ်တုတ်အလင်းတောင်မရှိတဲ့ည

ကူကယ်ရာမဲ့ခဲ့ရပေါ့ ။

 

ဒဏ်ရာတွေအထပ်ထပ်ရထားတဲ့ ခေါင်မိုး

အငြှိုးတေးကြီးတဲ့မိုးကိုမလှန်နိုင်

ငါ့အခန်းတစ်ခုလုံးပြည်လျံခဲ့ရ ။

 

မိုးရေစက်များ

တစ်ကိုယ်ရည်စာ

ခိုဝင်ရာ ရင်ခွင်ပျောက်တဲ့ငါ့ကိုထိမှန်

ချောင်းထဲမှာလဲ ရေလျံနေတယ်

          ခေါင်းထဲမှာလဲလေးလံနေတယ်....။       

No comments:

Post a Comment