နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, December 7, 2012

နေရာဟောင်း

မြကျွန်းညို

ရင်တွင်း အို...ဘယ်မမေ့

အပျော်နေ့လွမ်းဖွယ်စုံ

ဒီသောင်ခုံ,ဒီကမ်းမှာ

ရခဲ့ဖုံဖုံ....။

 

မြကျွန်းညို

ရင်တွင်းဖို ထပ်ထပ်သစ်

ထင်ကျန်ရစ်သည့် တိတ်ခြေရာ

မွေးမြေပမာအဟန့်ကြီး

ဆရာ့နီးထံနားမကွာ

ပြန်,သွား,လာ ပညာခရီး

ကျွန်းမြညိုသောင်ခြေနီးမှာ

ချွေးသိပ်ဖြည့်ဆည်း.....။

 

မြကျွန်းညို

သမုဒယကို လောင်မီးဖွဲ့

ထူထောင်ခဲ့တဲ့တေးအလင်္ကာ

အနုသယဖျာ

ယုယစွာ သီ,ဆို,ရေး

ဘ၀ပေးကမတူရှာ

         ဝေးခဲ့ကြကြာ...။        

No comments:

Post a Comment