နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, December 8, 2012

ထီးကလေး


နေပူမည်စိုး

နေပျောက်မထိုးဖို့

အုပ်မိုးကာကွယ်မိပါသည်။

 

မိုးမိမည်စိုး

ဖျားမှာစိုးလို့

အုပ်မိုးကာကွယ်မိပါသည်။

 

နှင်းခမည်စိုး

အအေးမိမှာစိုးလို့

အုပ်မိုးကာကွယ်မိပါသည်။

 

နေဒဏ်,မိုးဒဏ်,

နှင်းရန်ကင်းဝေး

ချိုကြည်မွှေးမြ

ဘေးမခစေ ဆန္ဒတွေနဲ့

သခင့်ထံပါး သခင့်နားမှာ

ခစားနေရာ ယူမိပါသည်

ကြည်ရွှင်နှလုံး

သခင်ပြုးံ၍ ပျော်ပါစေ....။

No comments:

Post a Comment