နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, December 6, 2012

ဆည်းဆာကမ်းမှ လွမ်းတေးပန်းချီ


နေညိုညို
ဆည်းဆာအိုသောင်ကမ်း
မျှော်မှန်းလို့ငေးမျှော်
ငယ်ကျွမ်းသို့ ဆွေးခေါ်ပါသည်
ဝေးသော်လည်းကွယ် ကိုယ်မမေ့ ။

နှစ်ကိုယ်တွေ့ ကြည်နူးပျော်
ရည်စူးရော်ကာအမှတ်ရသေး၊
တမာလေနုနုအေး
မွေးရပ်မြေရင်ခွင်နွေးမှာလ
နှစ်ရက်ရှည်
ချစ်သက်သေခြေရာလေးတွေလည်း
      (...ကွယ်...)
ပျာက်သေးဘူးတကယ် ။

မူးမူးမေ့ဖွယ်ကိုယ်သင်းနံ့
ရင်ခွင်ထက်ဝယ် ဆွံ့ပျံ့ဆဲ ၊
သဲ့သဲ့ဝဲ စကားသံ
နှလုံးသားနံရံမှာပဲ့တင်ထပ်
မောင့်ကြင်ဘတ်ငဲ့ဖြေမဆည်
ဝေးတမြေဆီ  ဒေသခြား
   (...ကွယ်...)
     လွမ်းမိရဲ့တအား....။    


No comments:

Post a Comment