နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, December 6, 2012

အလွမ်းအမြုတေ

လွမ်းစရာရှိ၍

လွမ်းမိပါသည်

သမိုဒိနွံ

ချစ်ကျွမ်းဝင်သမျှ

သဲကြွေလျနွမ်း

မျက်ရည်စမ်းပေါက်

မခမ်းခြေက်ချင်

လွမ်းနက်ရင်ထဲ

စူးရှစွဲစိုက်

ဝေဒနာကိုက်စေ

ဖြေပြေစေဘူး

လွမ်းနေဦးမည် ။

ချစ်ဦးသခင်

သူ့ရင်ခွင်နွေး

ဘယ်လိုဝေးစေ

အဆွေးခြေဆန့်

ဝေးနေလျှက်လည်း  တမ်းတသည် ။

No comments:

Post a Comment