နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, December 7, 2012

အမွေ

ဇမ္ဗူဒီပါ၊ကျွန်းလက်ျာဝယ်

သကျာနွယ်ရိုး၊ဘုန်းတန်ခိုးဖြင့်

ဖြန့်မိုးသစ္စာ၊ပြည်မြန်မာဝယ်

ကောင်းစွာဘ၀၊ဖြစ်လာကြသည့်

အို....ချစ်နှမအပေါင်းတို့.........။

ခုခေတ်ခုခါ၊သမယာမယ်

မိစ္ဆာမျိုးခြား၊တိုင်းတစ်ပါးတို့

ကျက်စားမြူးပျော်၊တို့မြေပေါ်မှာ

ကျူးကျော်စော်ကား၊သွေးအသားကို

ဝါးမျိုစားသောက်၊သူတို့ရောက်ပြီ.....။

အမျိုးဘာသာ၊သာသနာကို

မိစ္ဆာမီးမြိုက်၊သူတို့တိုက်ပြီ.......။

သာကီသွေးနှစ်၊မျိုး၊မျိုးအစစ်ကို

ဆိုးညစ်သွေးနှော၊သူတို့ရောပြီ......။

ဇရပ်တန်ဆောင်း၊စေတီကျောင်းနှင့်

ဂူချောင်းပုထိုး၊တို့လူမျိုးကို

ငွေကြိုးရစ်တုတ်၊သူတို့ချုပ်ပြီ.......။

မျိုးဟုန်မာန်မြင့်၊ဂုဏ်အဆင့်နှင့်

ထယ်ဝင့်လှပ၊ အို....ချစ်နှမတို့.......၊

`မြေမျိုလို့  လူမျိုးမပျောက်

လူမျိုမှ  လူမျိုးပျောက်`ဟု

ဆိုလျောက်စကား၊တို့ဘိုးဘွားတို့

မိန့်ကြားဆုံးမ၊ထားခဲ့ကြပြီ.......။

သာကီနွယ်စိုး၊တို့အမျိုးဟာ

သွေးဆိုးမနှော၊မရောသွေးညစ်

ဖြူသစ်သန့်ရှင်း၊မျိုးတူချင်းသာ

ပေါင်းဖက်ပါ၏......။

ဘာသာအယူ၊အတူတူချင်း

ပေါင်းဖက်ခြင်းဖြင့်

လင်းလက်ရောင်ဝါ၊မျိုးဘာသာကို

ရှည်ကြာစောင့်ရှောက်၊စည်းမဖောက်ပဲ

ထွန်းတောက်အမွေ၊ထားခဲ့ကြပါလေ........။  

No comments:

Post a Comment