နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, December 6, 2012

ဝေဒနာရာသီခွင်

နှုတ်ဆက်ခွဲခွါ၊ဝေးခဲ့ကြာလည်း

တွေးနယ်ထဲဝယ်၊ဝေ့လဲဝယ်နှင့်

`သူ`တယ်စိုးမိုး၊ဘယ်အညှိုးကြောင့်

မျိုးမျိုးနှောက်ယှက်၊လွမ်းစေရက်သည်

ပြောတက်ပြီတည်း ။

 

ဘယ်ရှေ့ကြောင်းကံ

ဘယ်သို့ဖန်၍

ဘာကြောင့်ကြောက်ကန်

ငြင်းရက်ပြန်လည်း

တွေးကြည့်ဆဲလေ ။

 

ဝေ့၀ဲဖြုတ်ခြွေ၊ကြွေမျက်ရည်နှင့်

ရက်ရှည်သည်`လွမ်း`၊မကုန်ခမ်းနိုင်

တမှိုင်မှိုင်ပေါ့၊တွေးငိုင်ရင်မော

ဘယ်သဘောလည်း၊စောကျောမတက်

အိပ်ရေးပျက်ခဲ့ ။

 

မနေတက်ပြန်၊ရေစက်ကံညှိုး

နွမ်းလျစိုးထိတ်၊တမ်းတစိတ်ကြောင့်

ညအိပ်ယောင်အော်၊သန်းခေါင်ကျော်ခဲ့

မိုးလင်းခဲ့၏ ။

 

မိုးမင်းရိုက်ဆော်၊နှင်းလည်းပျော်ခဲ့

ရော်ရွက်ရင့်ကြွေ၊ဥသြဆွေလည်း

ကြိမ်းဖန်ပြန်လမ်း၊ဘယ်မှန်းမသိ

ကြိမ်ကြိမ်ရှိခဲ့၊ပြောင်းခဲ့ပေ

အလွမ်း နွေ,မိုး၊ဆောင်းတစ်ရိုးကျွတ်

ဘယ်တော့လွတ်မယ်၊မသိတယ်လေး

ရက်ရှည်ဆွေး၍  နေဦးမည်......။      


No comments:

Post a Comment