ဝဋ်နာကံနာ
နေမယ်လေကွယ်
ဆန္ဒချုပ်တည်း နီးနားထံပါး
မသွာမိအောင် သည်နေ့ရှောင်မည်
အားတင်းသည်ပဲ
နေခဲ့မရ ရောက်ဖြစ်ရသည်
ချစ်သူဆီသို့.....။
ရှောင်မယ်လေကွယ်
သူ့တွက်ကျပ်တည်း စိတ်ဆင်းရဲစရာ
ကြုံမည်ကိုစိုး တွေ့ရနိုးစိတ်
ကြိတ်မျိုသိပ်မည် အားတင်းသည်ပဲ
မျိုသိပ်မရ တွေ့ချင်လှသည်
ချစ်သူခင်နှင့်......။
ဘယ်လိုလည်းကွယ်
မဆုံတော့....လွမ်း
ကြုံတော့....ကျွမ်းမြေ့
သတိရနေ့ တမ်းတနေ့တွေ
ပျောက်ပြန်လေလည်း
ရင်းထဲအားကြီး ဆန္ဒမီးကို
မျိုသိပ်မရ ၀ဋ်ဒုက္ခနဲ့
နှလုံးသားထံပါး ချစ်သူနားမှ
ကျေနပ်နှစ်သိမ့် စားဝင်အိပ်၍
ပျော်တက်ကြနူး နေတက်ပြီ......။
No comments:
Post a Comment