နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, December 6, 2012

အလွမ်း၏ကျေးကျွန်

မခုခံနိုင်ခဲ့ဘူး

အလွမ်း၏ထိုးနှပ်ချက်များ

ရင်ခွင်ကြားကို အဆက်မပျက်ဝင်

နှလုံးသားလည်းတဆစ်ဆစ်နာကျင်နေခဲ့၊

မထင်ခဲ့ဘူးလေ,ဝေးမယ်လို့မှ ။

ခုတော့.......

ဘ၀ကအဆွေးသည်

နေ့,ညတွေလည်းချာချာလည်ခဲ့၊

သူ...မရှိတဲ့ဘဝ

`လ`မရှိတဲ့ည,`အလင်း`မဲ့တဲ့နေ့

ဘာကိုမှမတွေ့တော့သလိုပါပဲ

အရာအားလုံး မဲမှောင်

ငေါင်တောင်တောင်နဲ့တွေးတော

အတိတ်က ကာလများစွာကိုပဲ

(...ကျနော်လေ...)

လွမ်းမောနေမိတယ်......။      


No comments:

Post a Comment