ငယ်ကျွမ်း
အလှမ်းခက်၍
လွမ်းရက်အသင်္ချေ
ကြာလေမမေ့
မတွေ့လည်း လွမ်း
တွေ့လည်း လွမ်းပေါ့။
တမ်းတမ်းတတ
မှန်းဆဘယ်ညာ
ဝဲယာရှေ့နောက်
စိတ်ရူးပေါက်ရာ
ဟိုဒီမှာများ
သူ-ရှိမလား ဟု
ရှာမိရဲ့ကွယ်။
တကယ်တကယ်
ဘယ်ဝယ်မြောက်တောင်
စိတ်ယောင်ခြောက်ခြား
အိပ်မက်များလည်း
သူပဲစိုးမိုး တစ်ရေးနိုးခဲ့
မိုးလင်းခဲ့ပေါ့။
အိပ်ပျက်ညပေါင်း
ရာထောင်သောင်းမက
များခဲ့ရလည်း
လွမ်းတဲ့စိတ်ကဲ ဖြေနိုင်ခဲရဲ့
ဟန်မူနွဲ့နှောင်း ငယ်ချစ်ဟောင်းကို
နှစ်ပေါင်းများစွာ လွမ်းဦးမည်။
No comments:
Post a Comment