နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, December 5, 2012

သဲချောင်း

မိုးရွာစဉ်ရောက်

လှိုင်းလုံးပေါက်ဖော်

အလည်လာပျော်

မလာသော်ခြောက်

ဖွေးဖွေးပေါက်ပန်း

သဲပွင့်နန်းနှင့်

ကျငန်းရှိန်ဝါ

မြေပထဗျာထက်

လဲလျောင်းလျှက်လေ

တွန့်လိန်ခွေရီ

မြစ်နားစီရောက်

သူ...ထွင်းဖောက်သည်

အံ့လောက်ဇွဲရှိသူပေတကား ။        

No comments:

Post a Comment