နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, December 9, 2012

နွေရာသီလမ်းခွဲ

ထိုနေ့က.....
မြို့လေး၏ ရော်ရွက်ကြွေသံကြား
မင်းရယ်,ငါရယ်,ငွေသောင်ယံရယ်
သုံးဦးသားတိတ်ဆိတ်
ငါတို့အတိတ်ကိုလွမ်းမော
ဆုံး,စမဲ့မြစ်ပြင်စီ လွင့်မျောလို့
ငါတို့အတွေးစများ
ပစ္စုပ္ပန်တံခါးကိုခပ်ပါးပါးခေါက်
စမ်းတ၀ါးဝါးလျှောက်ရမည့်
အနာဂါတ်လမ်းကုမျှော်
ပျော်တယ်လို့များ  ထင်သလား-? ။
ချန်ရစ်သူနှင့်ကျန်ရစ်သူ
ချန်ရစ်ခြင်းနှင့်ကျန်ရစ်ခြင်း
အရေးအခင်းမဖြစ်ခင်မှာ နှုတ်ဆက်
မင်းကသက်သက် ငါကတစ်နယ်
အို...ဘယ်နေချင်မလဲ
ဝေးပါ့ကွယ် ။
လောကရဲ့အနာဂါတ်ခရီး
လွမ်းနေရုံနဲ့မပြီးပြီမို့ ရှေ့ဆက်
အလှမ်းခက်သည့်ဘ၀တို့နှင့်  မင်းနဲ့ငါ
တကယ်တော့.......
ကောင်မလေးရယ်.....
ဆုံဆည်းစေတဲ့ ကံကြမ္မာကိုက
မကောင်းတာပါ ။

No comments:

Post a Comment