နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, December 9, 2012

နားခိုရာ


ကာလကြာတည်ဆောက်ခဲ့

ဘ၀ရဲ့စိတ်ကူးများ

အားလုံးလဲပြို ။

 ခဏတာဝင်ရောက်ခဲ့

ဝေးကွာတဲ့နေ့စွဲများ

ငါ့ကိုဝါးမျို ။

 ထားသလိုမဖြစ်တဲ့ခံစားချက်

ရင်ကွဲပက်လပ်ဘ၀ကို

ကြိုဆိုလို့.......  ။

ငိုလို့လည်းအားမရဘူး

လွမ်းလို့လည်းမ၀ဘူး

ထားခဲ့သူကဘယ်သတိရမလည်း ။

 တကယ်ချစ်ခဲ့ကြသည်ပဲ

ဒီအတွေးက.....

ရင်ထဲကိုအဆွေးများစွာသယ်ဆောင်ခဲ့

ဟန်မဆောင်နိုင်တဲ့အဆုံးတော့

   (ကောင်မလေးရယ်)

ကဗျာယောင်ယာင်စာယောင်ယာင်ပါပဲ

   ငါ့ကိုယ်ငါ  ဖုံးဖိနေရတယ်  ။   

No comments:

Post a Comment