နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, December 9, 2012

အစွန်းရောက်ချစ်ခြင်း

သွားပါချစ်သူ

မောင်မငိုဘူး မတားဘူးကွယ်

နှုတ်ဆက်ခွဲခွါ ဝေးရပ်ရွာလမ်း

လှမ်းချင်လှမ်းပေါ့ ။

 

မေ့ပါချစ်သူ

အပြစ်မဆို မမုန်းလိုဘူး

မတားဘူးကွယ်၊

ထားခဲ့ချန်ခွါ စိတ်ကြည်ရာစခန်း

လွမ်းချင်လွမ်းပေါ့ ။

 

မုန်းပါချစ်သူ

ပြစ်ယူစွတ်စွဲ မောင်မသဲဘူး

မတားဘူးလေ၊

စွန့်ပစ်ခွါရစ် ရင်ခွင်သစ်နန်း

လှမ်းချင်လှမ်းပေါ့ ။

 

ဘယ်တော့ဖြစ်ဖြစ်

ဘာကြောင့်ဖြစ်စေ

မောင်မငိုဘူး  ဘုရားစူးရဲ့

စိတ်ချခဲ့ကွယ်၊

အလွမ်းနယ်ထဲ တစ်ယောက်တည်းပေါ့

              ရဲရဲလျှောက်လျှက် ဆက်ချစ်မယ် ။              

No comments:

Post a Comment