နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, December 6, 2012

အလွမ်းတွေနဲ့ပြည့်နေသူ

မပြင်နိုင်ခဲ့ဘူး

ဘ၀၏ရပ်တည်မှုပုံသန္တာန်သစ်

အလွမ်းပဲဖြစ်နေခဲ့ပြန်တယ် ။

 

လွတ်မြောက်ဖို့ ရုန်းကန်ခဲ့ပါရဲ့

ဒါပေမယ့်....

အလွမ်းက နှုန်းနှယ်အောက်စွဲငင်

နင်းတိုင်းပဲလေ

ကျနော်...ကျွံကျွံသွားတယ် ။

 

ဟန်နဲ့အားထည့်းခဲ့တာပဲ

မာန်နည်းနေသေးတယ်ထင်ပါရဲ့

ကျနော်လေ....

နွံထဲကမတက်နိုင်ခဲ့သေးဘူး ။

 

ဒီနွံတွေဝေးပါစေ

အလွမ်းတွေလည်းပျောက်စေချင်

ကျနော်လေ.....

အကြိမ်ကြိမ် စိတ်ကူးယာဉ်ဘူးရဲ့

ဒါပေမယ့်.....

သတိတစ်ချက်လွတ်

ပြန်ပြီးနစ်နစ်သွားတယ်၊

လွတ်ငြိမ်းချမ်းသာခွင့်

ကျနော်အတွက်ဖြစ်မလာခဲ့သေးဘူး ။

 

အလွမ်းနဲ့အကျိုးထူးပေးတယ် ထင်ရဲ့

ချစ်သူကိုလည်းမမေ့သေးဘူး

အသစ်လူနဲ့လည်းမတွေ့သေးဘူးလေ၊

အလွမ်းတွေနဲ့သာ ရင်ထဲပြည့်

(...ကျနော်ဗျာ...)

          မလွမ်းပဲနေဖို့မေ့နေတယ်.....။     


No comments:

Post a Comment