နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, December 5, 2012

တစ်ခါဆီသို့....

ကြယ်ပျောက်သောည၊လကမသာ
အကြင်နာမဲ့၊တိမ်မှိုင်းဖွဲ့ငြှိုး
ရွှေမိုးထိုးရွာ၊ဘယ်တွက်တာလည်း
ဝေဒနာမစဲ၊ဒဏ်ရာသဲထ
အလွမ်းစနှောင်၊သောကတောင်ဖြစ်
ထင်ကျန်ရစ်ပြီ။
တစ်ခါဆီည၊ယာယီခဏကြုံ
ရင်တွင်းခုန်လျှက်၊အမေ့ခက်သည့်
မိုးနှောင်းပုံပြင်၊ကျောင်းပိတ်စဉ်ပေါ့
ဧရာရေတက်၊သောင်ယံထက်လမ်း
လည်းကျွန်းနန်းပေါ်၊ရွှင်လန်းပျော်မွေ့
ပေါင်းမိတ်တွေ့ဆုံ၊အကြည့်စုံယှက်
အတိတ်ရက်ည၊ထိုခဏကို
ကွယ်....မေ့မရပြီ၊တမ်းတသည်လေ
`လွမ်းလှသူ`ဟု  ဆိုမည်လား.....? ။

No comments:

Post a Comment