နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, December 5, 2012

ရတနာ

မျှော်လင့်ရည်စူး

စိတ်ကူးများစွာ

ရတနာ...။

 

အနမ်းသစ်ဖူး

ချစ်ဦးမျက်နှာ

ရတနာ...။

 

ရင်ခုန်ကြည်နူး

သဲဦးမေတ္တာ

ရတနာ...။

 

ကြင်နာမေ့မူး

ပွင့်ဦးသစ္စာ

ရတနာ...။

 

ချိုသကာလူး

ကြည်နူးသံသာ

ရတနာ...။

 

တန်ဖိုးထားရာ

မြတ်နိုးစွာလေ

ရင်မှာတွယ်၍ တည်နေဆဲ...။

No comments:

Post a Comment