စကားတစ်ခွန်းတည်းပါ
အားပြင်းစွာရင်ကိုထိုးနှပ်
နှလုံးသားရဲ့ရင်ဘတ်ထဲ
စူးကတည်း စိုက်ဝင်စေခဲ့တယ်။
ရှိုက်ချင်ပေမယ့်
မငိုတက်တဲ့ကလေးငယ်လို စို့နင့်
အခြေမြစ်တစ်ခုရဲ့ နိဒါန်း
ဥဒါန်းဘယ်လိုကျူးရမယ်မသိ။
"ရှေ့မဖြစ်ခဲ့ရုံနဲ့
နောက်ပျက်ကြစတမ်း"တဲ့လား ?
ကိုယ်ပိုင်နှလုံးသားနဲ့
ကိုယ်တိုင်ခံစားတက်ဖို့ပဲ လိုတာပါ
သမုဒယမှာ
အကြွေးဆပ်စရာဥပဒေသမှ မရှိပဲ။
ခုတော့.....
လွှမ်းမိုးမှုအာဝါသမိုးပြီး
ဘ၀တစ်ခုကိုကြိုးချည်ဖို့
သူတို့...ကြိုးစားနေကြတယ်။
ခံစားချက်မှာ
ပြန်ပေးရော်၍ ရစတမ်းဆိုရင်
ရင်ဘတ်တွေ ဗြမ်းဗြမ်းကွဲပါစေ
ကျေနပ်သလိုနေပေးလိုက်မယ်
ဒါပေမယ့်.....
(ချစ်သူ ရင်မှာ)
ဝေဒနာမြူမျှ မထိရင်ပေါ့လေ....။
အားပြင်းစွာရင်ကိုထိုးနှပ်
နှလုံးသားရဲ့ရင်ဘတ်ထဲ
စူးကတည်း စိုက်ဝင်စေခဲ့တယ်။
ရှိုက်ချင်ပေမယ့်
မငိုတက်တဲ့ကလေးငယ်လို စို့နင့်
အခြေမြစ်တစ်ခုရဲ့ နိဒါန်း
ဥဒါန်းဘယ်လိုကျူးရမယ်မသိ။
"ရှေ့မဖြစ်ခဲ့ရုံနဲ့
နောက်ပျက်ကြစတမ်း"တဲ့လား ?
ကိုယ်ပိုင်နှလုံးသားနဲ့
ကိုယ်တိုင်ခံစားတက်ဖို့ပဲ လိုတာပါ
သမုဒယမှာ
အကြွေးဆပ်စရာဥပဒေသမှ မရှိပဲ။
ခုတော့.....
လွှမ်းမိုးမှုအာဝါသမိုးပြီး
ဘ၀တစ်ခုကိုကြိုးချည်ဖို့
သူတို့...ကြိုးစားနေကြတယ်။
ခံစားချက်မှာ
ပြန်ပေးရော်၍ ရစတမ်းဆိုရင်
ရင်ဘတ်တွေ ဗြမ်းဗြမ်းကွဲပါစေ
ကျေနပ်သလိုနေပေးလိုက်မယ်
ဒါပေမယ့်.....
(ချစ်သူ ရင်မှာ)
ဝေဒနာမြူမျှ မထိရင်ပေါ့လေ....။
No comments:
Post a Comment