နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, December 4, 2012

အလွမ်းသက်သေ

လမ်းခွဲခဲ့ကြတာတော့ ဟုတ်ဘူ
ဒါပေမယ့်.....
ဝမ်းနည်းနေရတာတော့ အမှန်
ဝေးကွာသည့်နံရံတို့ကြား
ဆက်သွယ်မှုတံတားလည်း မခိုင်ဘူးလေ။
အလွမ်းတွေက
သစ်ရွက်ကြွေလိုပျံ့ကျဲ
ရင်ထဲမှာလည်း ဝေဒနာတွေချည်း
ဖြေဆည်းသမျှက
သဲထဲကျသွားတဲ့ ရေတစ်စက်နှယ်
ပြန်အဖတ်ဆယ်လို့မရ
အလွမ်းကပဲ ဦးဆောင်နေတယ်
ကိုယ့်ကိုယ်ကိုတောင် မကျေနပ်ချင်ဘူး
အလွမ်းကိုချည်းဦးညွှတ်နေလို့......။
ချစ်သူရေ.....
မင်းမရှိတဲ့ဒေသ
ဘယ်လောက်ပဲ ပျော်ရွှင်တယ်ပြောကြပါစေ
ငါ့အတွက်တော့ အမြဲတမ်းခြောက်သွေ့တော
စိမ်းလန်းတဲ့သဘောဆောင်တာဆိုလို့
လွမ်းတိုင်းကျတဲ့ မျက်ရည်တို့ပဲ
 ရှိတယ်လေ.....။


No comments:

Post a Comment