နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, December 7, 2012

မင်းသဘော

     

မေ့ပေါ့.....

တစ်စမကျန်

ပြန်လွမ်းရန်မရှိ

ပကတိအခြေနေ

 သူစိမ်းတွေလို....။

 

မေ့ပေါ့.....

နှောင်တွယ်မျှင်တင်း

သံယောဇဉ်ကြွင်းကျန်

ငြင်းဆန်ပယ်ဖျက်

နှုတ်ဆက်မကြည့်

  မသိသလို.....။

 

မေ့ပေါ့....

ငဲ့ညှာထောက်ထား

သနားစာနာ

လှည့်ကြည့်စရာမလို

   ဟို..အရင်လိုလေ.....။

 

မေ့ပေါ့.....

အကြည့်စိမ်းစိမ်း

မသိကိန်းနှင့်

ရင်တိမ်းရှောင်ခွါ

စိတ်ကြည်ရာလျှောက်

  သူစိမ်းတစ်ယောက်လို......။

 

မေ့ပေါ့...မေ့ပေါ့

မေ့လိုက်တော့ကွယ်

လှည့်ကြည့်နဲ့နော်

မင်းပျော်သလို

ဘာမဆိုငါဖြစ်

နေရက်ရစ်မည်

နောက်ဖြစ်မည့်အကြောင်း  မတွေးနဲ့.....။

No comments:

Post a Comment