နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, December 7, 2012

ကဗျာမဟုတ်သော ကဗျာတစ်ပုဒ်

ခဏလေးအတွင်းပါပဲ

အရမ်းရင်းနှီးခဲ့ကြတယ်။

တွေ့ဆုံမှုနယ်ပယ်ရဲ့အနားသက်

ဘယ်နား,ဘယ်အရပ်ဆိုတာမသိ

ခံစားချက်နဲ့ပဲကြိုးကိုညှိခဲ့ကြ

သူသိတဲ့ဘ၀,ကိုယ်ရှိတဲ့ဘဝ

သူ့ဒေသ,ကိုယ့်ဒေသ

အမည်နာမတစ်ခုကလွဲပြီး

သိမ်းထုပ်စုစည်းစရာရယ်လို့လည်း

မယ်မယ်ရရမရှိခဲ့ကြဘူးလေ။

မသိခြင်းတွေအများကြီးနဲ့ပါပဲ

တအားရင်းနှီးခဲ့ကြတယ် ဆိုပါတော့

တစ်ခုတည်း.....

ဟုတ်ကဲ့....တစ်ခုတည်းပါပဲ

မသိကိန်းတွေ,မရှိကိန်းတွေကြားက

ရူးသွပ်ရာဘ၀တစ်ခု

`တိုက်ဆိုင်သည်`ဟုပဲ ဆိုရမလား

ရင်နှစ်ခုကြားကပေါင်းကူးတံတားလေး

မောင်ချောနွယ်ပြောတဲ့  စကားလေးလိုပေါ့

`ရင်ဘတ်ချင်းဂျက်ပင်ထိုးပြီး`

   (သူမနဲ့ကျနော်)

ခံစားချက်ဖလှယ်ပွဲကြီးကျင်းပဖြစ်ခဲ့ကြတယ်လေ......။     

No comments:

Post a Comment