နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, December 6, 2012

မလွမ်းတက်သူ သို့

ကောင်မလေးရေ......

ပွင့်လင်းမှုအတွက်ကျေးဇူး

မနှစ်သက်ဘူးဆိုရင်  လှစ်လျူရှု့

မျက်ကွယ်ပြုဖို့.....ငါ့ဝန်

လွမ်းလောက်သည့် ရင်ခွင်မှ

မဟုတ်ပဲကွယ် ။

 

နေရဲတယ်လေ

မသက်ဆိုင်သူတစ်ယောက်လို.....။

 

ဝေဒနာကိုစာဖွဲ့

ငါတင်တဲ့ငါ့ကဗျာ

သက်ဆိုင်သူသာခံစားကျေး

မလွမ်းဘူးသေးရင်ပေါ့

သေချာပါတယ်

အဲဒါ.....

    မင်း...အချစ်ငတ်နေသေးလို့...။

   


No comments:

Post a Comment