နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, December 8, 2012

အလွမ်းဆုလာဘ်

အရှင်ဘုရား.....

ရာဇ၀င်ထဲကမင်းတစ်ပါးပေါ့

ခရီးသွားရင်းလက်ညှိုးညွှန်

ကျောက်တောင်ပင် ရေအသွင်ပြောင်း

သူလိုရာ`ချောင်းမြောင်းဖြစ်၏`.....တဲ့။

သမုဒယအမိုက်အမဲ

အနုသယအသိုက်ထဲကတပည့်တော်

ထိုမင်းနှယ်ပေါ့....

အလွမ်းကခေါ်

ဘ၀ပေါ်ခရီးဆက်

မပြီးပြတ်သေးတဲ့ဝဋ်ကြွေး

ခရီးဆက်ရန်ကျန်သေးည်မို့....

အပြီးသတ်ရန်ကျန်သေးသည်မို့....

ခံနိုင်ရန်ဆုမွန်ကောင်း

အရှင်ဘုရားထံတောင်းပါရစေ။

တမ်းတလေသမျှ

လွမ်းစရှည်သမျှ

သောကတွေဗလပွနဲ့  ရင်မှာနွမ်း,ကျင်

မျှော်တိုင်းမြင်တက်လွန်းလို့

သြော်....လက်ညှိုးညွှန်ရာ

          သူ-ဖြစ်ပါစေသား.....အရှင်ဘုရား ။        

No comments:

Post a Comment