ယင်းချောင်းမျက်ရည် သက်သေတည်၍
အသို့လည်းကွယ်
မရွာညှင်းညှင်း၊ရွာတော့တင်းဝင်
လောကခွင်ကို၊ဆိုင်းညှို့ရီဖွဲ့
တိမ်တောင်နဲ့`စိုး`၊ဘယ်အငြှိုးလည်း
ကိုရွှေမိုးရယ်၊မာန်ငြှိုးဖြေကာ
စဲလင့်ပါလော့.......။
သို့ပါသော်ငြား၊ရွှေမိုးသားရယ်
မိုးဦးခါလို၊မဲမညိုပဲ
တိမ်ညိုစဲနှင့်၊ရွာသင့်ရွာရာ
ဖန်ခါသာပေါ့
လောကပြင်ထက်၊မျက်နှာကြက်က
အုံ့မှိုင်းသဲကာ၊ရံခါရွာလေ ။
ခုနေတို့များ၊သင့် ငြှိုးကြားမှာ
ခိုနားရာမဲ့၊မြေပြင်ထက်လည်း
ဗွတ်ထအိုင်ထွင်း၊မြေကွင်းမရှိ
နှုန်းရေတိမို့၊သင်ငြှိုးပြေကာ
တိတ်လေပါတော့.....။
အိုဘယ့်မိုးဆွေ
တို့တွေတောင်းပန်၊ချိန်မတန်ပြီ
သင့်အိမ်စံနန်း၊ခဏမြန်းလော့
မညှာမဲ့တိုး၊သင့်ရေဆိုးကြောင့်
ရင်ကျိုးတဲ့ချောင်း၊တို့မြို့ခေါင်းထက်
မျက်ရည်ပေါင်းလျှက် စီးနေပြီ ။
No comments:
Post a Comment