နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, December 6, 2012

အလွမ်းည

“လ“ကိုမြင်၍

ဟို..ယခင်က

အတိတ်အကြောင်း

ငယ်ချစ်ဟောင်းနှင့်

ရွာကျောင်းစေတီ

ထံတော်စီပါး

ပစ္စယံနားဝယ်

စကားလည်ယှက်

တူစုံဖက်၍

ဆိုခဲ့ရက်ကို

လွမ်းအားပိုမိ

“ရင်“မချိပြီ ။

သြော်.....

ခုနေစီများ

ချစ်သူ့ပါးဝယ်

ဘယ်သူနားခို

စကားဆိုလိမ့်

စိုးရိမ်စိတ်နှင့်

မှေးအိပ်မပျော်

တမ်းရော်တ,လွမ်း

ဆည်းဆာလမ်းသို့

    လရောင်တစ်ခြမ်း ကျွံခဲ့ပေါ့....။


No comments:

Post a Comment