နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, December 5, 2012

တွယ်ရာမဲ့

အချစ်ရယ်....

မင်းမရှိတဲ့ ဘဝ

`လ`မရှိတဲ့

ညလို မဲမှောင်

အလွမ်းရဲ့အကျဉ်းထောင်ကျ

လှုပ်လို့မရအောင်ပါပဲ

ဝေဒနာက နှိပ်စက်

အနေခက်လိုက်သည့်ဖြစ်ခြင်း

နှလုံးသားမှာလည်း

မျက်ရည်မြစ်တစ်စင်း စီးခဲ့ပြီလေ ။

တွယ်တာတက်တဲ့သံယောဇဉ်

ရစ်တိုးငင်လို့ အ၀ိဇ္ဇာလွှမ်း

ချစ်ရေ......

ဘယ်ကိုမျှော်လို့ဘယ်များလွမ်းရပါ့

တကယ်ပါ......

မင်းမရှိတဲ့ ဘဝ

ခြောက်သွေ့သွေ့နိုင်လွန်းလှ

တယ်ကွယ်။      

No comments:

Post a Comment