နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, December 5, 2012

ရွက်လှေ

လေအသင့်

ရွက်လွှင့်ပါ့ သူလိုရာ

သမုဒ်ပြာရေယာဉ်ကျော

မျောစုန်လျှက်သာ ။

 

လှိုင်းယာဉ်ခက်လာ

သာပါပေ့ သူ့လမ်း ။

 

လှိုင်းလေကြမ်း

ကြောက်ခမှန်း ထိတ်စရာ

ကြမ်းတမ်းခက်မာ ။

 

ထိုအခါ

စုန်ခွင့်ရယ်မသာ

ဆန်ခွင့်နဲ့ဝေး

သမုဒ်ပြာဒီရေလမ်းမှာ

ရွက်ဖြုတ်ကာ လှိုင်းနောက်ထွေးရတယ်

ကမ်းကပ်ခွင့်ဝေး ။

No comments:

Post a Comment