နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, December 6, 2012

ညမွှေးပန်း


နေချည်ထိ၍

ပွင့်ဖတ်ဝတ်မှုံ၊နွမ်းရော်ငုံလည်း

လရောင်ဖြာဆမ်း၊ည၏လမ်းပေါ်

ရောက်ပြန်သော်ခဏ၊တဒင်္ဂ၌

ရွှင်ပြ၀မ်းမြောက်

ထလမ်းလျှောက်၏ ။

သြော်.....

အံ့လောက်မာလာ

ရနံ့ဖျာသင်း၊သူ့အဆင်းနှင့်

မွှေးကြိုင်သင်းထုံ၊သူ့ဝတ်မှုံကို

ဘယ်သို့ဘယ်ပုံ၊ဘယ်ရင်အုံ၌

ဆက်တင်မှီနွဲ့၊ပေးအပ်ခဲ့သည်

မသိပြီတည်း ။

ညစီမှောင်ထဲ၊ခပ်ရဲရဲပေါ့

ရင်ကိုကော့လျှက်၊ခေါင်းမော့လည်ခါ

ကနွဲ့ကလျာလျှောက်

             တိုးဝေ့ပျောက်၏......။            

No comments:

Post a Comment