နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, December 9, 2012

ရင်တွင်းဆု

မလွမ်းဘူးကွယ်

ဤသို့နှယ်ပေါ့

ရင်ကိုကော့မည် ။

 

မငိုဘူးကွယ်

ဤသို့နှယ်ပေါ့

ခေါင်းကိုမော့မည် ။

 

မသွားဘူးကွယ်

ဤသို့နှယ်ပေါ့

နောက်ပြန်ကျော့မည် ။

 

သြော်......ဤသို့

ဤသို့နှယ်ပေါ့

ရယ်မောကြည်မွေ့

အပျော်နေ့တွေ

ကုန်ဆုံးလေ၍

လွမ်း...ငို...ရွှင်မော

ရင်တွင်းသောက

နှလုံးမှနွေ

ကုန်လွန်စေကြောင်း

    ငါ-ဆုတောင်း၏ ။     

No comments:

Post a Comment