နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday, December 6, 2012

ရင်ဘတ်နှင့် လူ

ရင်ဘတ်ထဲကပိုး

ဘယ်လိုဆေးမျိုးနှင့်မှ ကုမရ

ရူးသွပ်ခဲ့ကြတယ် ။

သမုဒယအလှ လူ့ဘ၀ဇာတ်ခုံ

အလွမ်းလည်းဆုံရဲ့,အကြမ်းလည်းကြုံခဲ့

ဖုံဖုံနွဲ့ ဖြစ်ပျက်ခဲ့အကြောင်း

သူ့အကြောင်း,ကိုယ့်အကြောင်း

လောကအကြောင်း,သဘာဝအကြောင်း

ရေအကြောင်း,မြေအကြောင်း

တောအကြောင်း,တောင်အကြောင်း

ကလောင်တစ်ချောင်းနဲ့ရေးခြစ်

နှလုံးသားကိုထုဆစ်ခဲ့ကြ

ပြောလိုက်ပါရစေတော့ဗျာ

ကဗျာဆရာဆိုတာ......

"ရင်ဘတ်နဲ့ လူလုပ်သူတွေပါ"လို့....။

No comments:

Post a Comment