နှလုံးသားရွက်ကြွေကောက် ရင်တွင်းပေါက် ကဗျာသံစဉ်များ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday, December 7, 2012

စိုးထိတ်ပါ၏

တိမ်မှိုင်းအိအိ

မိုးကိုကြည့်၍

မိုးမိမှာကို   ငါမစိုး ။

ကြင်နာမဲ့ဆိုး

ဒီရေတိုးအောင်

ရွှေမိုးမရွာ

ရွာပြန်တစ်ဖန်

ချောင်းမြောင်းလျှံ၍

တာ,ကန်သင်းကျိုး

ရေကြီးစိုးလျှက်

သီးနှံခြံထွက်

အစိုက်ခက်အောင်

ညှိုးလျှက်မှောင်သည့်

သိမ်ဖျင်းဖွဲငြှိုး

မိစ္ဆာမိုးနဲ့

မရှောင်သာတိုး

      တွေ့မှာစိုး၏ ။        

No comments:

Post a Comment