ချစ်သူသိစေ
အလွမ်းများကင်းသော
အို......ဗုဒ္ဓ ။
အဆွေးများကင်းသော
အို......ဗုဒ္ဓ ။
သမုဒယမှန်သမျှကို
သံသယမကျန်ပါယ်ရှင်း
`မဂ္ဂ`လမ်းကိုဖန်ဆင်းတော်မူသော
အို......ဗုဒ္ဓ ။
အနုသယအမှောင်ဖုံး
အ၀ိဇ္ဇာတွေတလုံးလုံးနဲ့ တပည့်တော်
ရင်တွင်းမှာပေါ်သမျှ
တောင့်တလို့ မရသော်ငြား
အရှင်ဘုရားခင်းတဲ့လမ်းမှန်
တက်လှမ်းဖို့ မဟန်နိုင်သေးသမျှ
ရင်းတွင်းမှတောင့်တ
ဤဆုတစ်ခုတော့ မြွတ်ဟပါရစေ။
ရှင်ဘုရား၏ ခြေတော်ခြေ
တပည့်တော်မျက်ရည်ဖြင့် သွင်းလောင်း
လွမ်းလျှက်ချစ်နေကြောင်းကို
(...တပည့်တော်လေ...)
သူသိဖို့ ဆုတောင်းပါ၏ အရှင်ဘုရား ။
No comments:
Post a Comment