ဥပါဒါန်၏ပြူတင်းများ
မွေးကတည်းက အူဝဲအော်
`ဘ၀`ဆိုတာကို စတင်ကျော်ခဲ့ရ
နှစ်ပရိစ္ဆေဒများစွာ,နေရာဒေသများစွာ
ဘ၀၏လိုအပ်ချက်များကိုစုစည်း
မပြည့်နိုင်သည့်စလယ်ဝင်အိုးကြီးတို စီရီ
သမုဒယတေးတို့ မပီတပီဆိုငြီးခဲ့ကြ
လူ့ဘ၀သမုဒ်ပြင်ပြာ
လွန်းထိုးတဲ့ လှေကြီးလှေငယ်များစွာတို့
စုန်ဆန်ကာ ခရီးဆက်
`ဘ၀`ဆိုသည့် သမုဒ္ဒရာရေပြင်ထက်မှာပေါ့
လှိုင်းချက်ကြောင့်နစ်မြုတ်
ဘ၀သရုပ်မပီသူတစ်ချို့
ရှိရဲ့......။
လှေပျက်လို့ဝဲလည်
လမ်းဘယ်မယ်မသိသူတစ်ချို့
ရှိရဲ့......။
လိုရာကိုရွက်လွှင့်
မျှော်လင့်တဲ့ကမ်း ကပ်ခွင့်ရ
ပျော်နေကြတဲ့ လူတစ်ချို့
ရှိရဲ့......။
မညီမျှတဲ့ လောကဓံကိုရုန်း
ချွေးပုခုံးထတဲ့ဘ၀များ
ကျက်စားရင်း ၀ဲလည်
တဒင်္ဂခဏငယ်များစွာ ကျော်ဖြတ်
ကူးရင်းနစ်သည်ထက်နစ်
ပြန်တက်လို့မဖြစ်တဲ့လူတစ်ချို့
ရှိရဲ့......။
ဒီလိုနဲ့....မဆုံးတဲ့သံသရာ
သံယောဇဉ်သောင်မှာငြိနေသမျှ
ကျွန်ုပ်တို့ခရီး တန့်နေကြဦးမည် ။
No comments:
Post a Comment