ကာရန်
ညှိခဲ့တာပဲ
ခုထိတော့ဖြစ်မလားသေးဘူး။
ငြင်းဆန်ခွင့်မရှိတဲ့အဓိပ္ပါယ်
"သုတိ"သာဖို့ပဲ အားထုပ်ခဲ့ရတယ်။
သူရှိတဲ့နေရာ,ကိုယ်ရှိတဲ့ဒေသ
ကွားခြားလှတဲ့မိုင်တွေကြား
ဆက်သွယ်မှုတစ်ခုတည်းနဲ့ပါပဲ
ပေါင်းကူးထားခဲ့ရ
ဒါပေမယ့်....သိပ်မခိုင်မာလှဘူး။
စရေးကတည်းက
ကာရန်မညီတဲ့ကဗျာတစ်ပုဒ်ပဲလေ
သံယောဇဉ်ဆိုသည့်ရင်ချည်ကြိုးသာမရှိရင်
အဓိပ္ပါယ်တွေလွင့်စင်သွားခဲ့တာကြာပေါ့။
ခုတော့......
မညီမျှတဲ့ကာရန်တစ်စုနဲ့
ဘ၀နှစ်ခုအတွက်လွန်ဆွဲပွဲ
မြေဇာပင်မဖြစ်အောင်ပဲ
အားထုပ်နေရတယ်။
ကျားကုတ်ကျားခဲဖြစ်နေတဲ့
အညှိုးဖွဲ့ပြိုင်ဆိုင်ခြင်းတွေကြား
ချစ်တက်လွန်းသည့်နှလုံးသားတစ်စုံ
ရင်ခုန်သံမပျောက်ရှဖို့
ချစ်သူကိုဖြောင်ဖျဖို့ပဲ ရှိတာပေါ့
ဒါပေမယ့်......
သူ....နားလည်ပါ့မလား
"မိဘ"ဆိုသည့်ထီးတစ်ချောင်းက
သူမခေါင်းပေါ်မှာရှိနှင့်ပြီးသားလေ...။
No comments:
Post a Comment